Friday 27 April 2012

Google + အားလေ့ လာကြည့် ခြင်း


Facebook ကိုများ အလဲထိုးဖို့ ကြံသလား အောက်မေ့ရပါတယ်။ Google+ ထွက်ရှိလို့လာပါပြီ။ ထူးခြားတာကတော့ စကားလုံးအသစ်အဆန်းတွေနဲ့ ဆွဲဆောင်ထားတာပါပဲ။ Circle, Spark, Hangout စသည်ဖြင့် အသစ်တွေကိုသာ သုံးထားပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ပုံသဘောတရားကတော့ FB နဲ့ ခပ်ဆင်ဆင်ပါပဲ။ လောလောဆယ်တော့ Limited ကာလမို့ invite လုပ်မှဘဲ အသုံးပြုနိုင်မှာပါ။ ကဲ ကြည့်ကြရအောင်။

လိပ်စာကတော့ plus.google.com ဖြစ်ပါတယ်။ Google+ သုံးဖို့အတွက် Google က Profile မှာPhoto, Birthday, School စသည်တို့ကို ဖြည့်စွက်ခိုင်းပါတယ်။ ဖြည့်စွက်ပြီး နောက်တစ်ဆင့်မှာဆိုရင် Google+ ရဲ့ Homepage ပေါ်လာပါပြီ။



Stream ဆိုတာကို ထင်ထင်ရှားရှား မြင်ရပါလိမ့်မယ်။ ကိုယ်တင်တဲ့စာတွေ၊ပုံတွေ သူငယ်ချင်းတွေတင်တဲ့ စာတွေ၊ပုံတွေ၊ဗီဒီယိုတွေအားလုံးကို သူက Stream ဆိုပြီး ခေါ်ဆိုလိုက်ပါတယ်။ Stream ဆိုတဲ့ textbox ထဲမှာ ကိုယ် Share ပေးချင်တာတွေကို ရိုက်ထည့်ပေးရမှာပါ။ ပြီးရင် Share ကို နှိပ်ရုံပါပဲ။ ဒါပေမဲ့ Share လုပ်တဲ့အခါမှာ သူက Stream ကို ဘယ် Circle ထဲ ထည့်မှာလဲဆိုတာ မေးပါလိမ့်မယ်။ အဲဒီအချိန်မှာ Circle ကို ရွေးပေးရမှာပါ။

Google+ ရဲ့ Circle ဆိုတာကိုတော့ စာရေးသူက အသိုင်းအ၀ိုင်း လို့ပဲ ဘာသာပြန်ချင်ပါတယ်။ ကိုယ့်အသိုင်းအ၀ိုင်းမှာဆိုရင် မိသားစုအသိုင်းအ၀ိုင်း၊ သူငယ်ချင်း၊ အွန်လိုင်းမိတ်ဆွေ စသည်ဖြင့် ရှိကြမှာ ဖြစ်သလို Google+ မှာလည်း Friend Circel, Family Circle, Acquaintance Circle နဲ့ Following Circle ဆိုပြီး ပါဝင်လာပါတယ်


Friend Circle နဲ့ Family Circle ကတော့ ထွေထွေထူးထူးမရှိပေမဲ့ Acquanintance Circle ထဲမှာတော့ မြင်ဖူးတွေ့ဖူးရုံ လောက်ပဲရှိပြီး သိပ်မရင်းနှီးတဲ့သူတွေကို ထည့်သွင်းပေးရမှာပါ။ Following Circle ထဲမှာတော့ ကိုယ်နဲ့လည်းမသိဘူး၊ သူရေးတာလေးတွေ တင်တာလေးတွေကို ကိုယ်သဘောကျတဲ့သူတွေကို ထည့်သွင်းဖို့ ဖြစ်ပါတယ်တဲ့။





Stream ကို Share လုပ်တဲ့အခါမှာ Circle ကို ရွေးပေးရမှာမို့ ကိုယ် Share လုပ်တာတွေက သက်ဆိုင်ရာ Circle ထဲမှာရှိတဲ့ လူတွေဆီပဲ ရောက်သွားမှာပါ။ ဒါက FB နဲ့ ကွာသွားတဲ့ အချက်ပါ။ FB မှာ share လုပ်ရင် အသိအားလုံးဆီ ရောက်သွားပေမဲ့ Google+ ကတော့ အဲဒီလိုမဟုတ်တော့ပါဘူး။



Stream တစ်ခုကို FB မှာလိုမျိုး Like လုပ်လို့ရဖို့အတွက် +1 ဆိုပြီး ပါဝင်လာပါတယ်။ Google +1 = FB Like ပါပဲ။ FB ထက်ပိုကောင်းသွားတာက ကိုယ့် Stream ကို Comment ပေးမရအောင်၊ Reshare လုပ်မရအောင် Disable လုပ်နိုင်တာပါပဲ
Collapse this post

No comments:

Post a Comment