Thursday 31 May 2012
ကွန်ပြူတာအသုံးချ player များ
ကွန်ပြူတာသုံး playerများကိုစုစည်းပြီးတင်ပေးလိုက်ပါတယ်......
Codec Pack All-In-1 6.0.3.0 player
ဒီနေရာမှာဒေါင်းပါ
jetAudio 8.0.15 Basic player
Quintessential Player 5.0
Real Alternative 2.02
Miro 5.0
MediaMonkey 4.0.3.1472 RC3
KMPlayer 3.2.0.12
AIMP 3.00.985
Windows Essentials Codec Pack 1.0
Zoom Player Home FREE 8.15
Windows Media Player 11
dBpowerAMP Music Converter 14.2
QuickTime Player 7.67.75.0
K-Lite Mega Codec Pack 8.40
BSplayer 2.6.0.1064
RealPlayer 15.0.4.53
QuickTime Alternative 3.2.0
DivX Play 8.2.2
VLC Media Player 2.0.1
Winamp 5.622 Full
iTunes 10.6.1 (32-bit)
Foobar2000 1.1.12a
K-Lite Codec Pack 8.40 (Full)
MpcStar 4.8
ဒီနေရာမှာဒေါင်းပါ
                        အားလုံးအဆင်ပြေကြပါစေ.......
                                                   စောမင်းအောင်
Wednesday 30 May 2012
သီချင်းနောက်ခံလေးနဲ့ ဓါတ်ပုံလေးတွေကိုဆလိုက်ရှိုးလုပ်မဲ့ ဆော့ ဝဲလ်
 သီချင်းနောက်ခံလေးနဲ့ ကိုယ့် ရဲ့ ဓါတ်ပုံလေးတွေကို ဆလိုက်ရှိုးလုပ်ချင်သူများအတွက် window movie makerဆော့ ဝဲလေးပါ။သီချင်းနောက်ခံနဲ့ ဓါတ်ပုံလေးတွေကိုဆလိုက်ရှိုးလုပ်တဲ့ ဆော့ ဝဲလ်လေးလိုချင်လို့ ပါဆိုပြီးတောင်းဆိုထားတဲ့ ညီငယ်လေးများအတွက်ဒီနေရာလေးမှာဒေါင်းယူလိုက်တော့ နော်......
                                                               အားလုံးအဆင်ပြေကြပါစေ.........
                                                                       စောမင်းအောင်
Tuesday 29 May 2012
passportပုံအလွယ်လုပ်မယ်
အသုံးဝင်တဲ့ ဆော့ ဝဲလ်လေးမို့ စိတ်ဝင်စားရင်အောက်မှာဆွဲလိုက်တော့ နော်...
Link::: http://ifile.it/3fo407a/Passport.Photo.Studio.1.51.rar
ခြင်ပြေးစေတဲ့ Anti_Mosquito
ခြင်ပြေးစေတဲ့ ဆော့ ဝဲလ်လေးပါ။
အသုံးပြုမယ်ဆိုရင်တော့ သူငယ်ချင်းတို့ ရဲ့ကွန်ပြူတာမှာ  စပီကာလေးရှိဖို့ တော့ လိုမယ်နော်။
ဒီဆော့ ဝဲလ်လေးမှထုတ်လွှတ်တဲ့ အသံလှိုင်းကိုခြင်တွေမခံနိုင်ပဲအဝေးကိုပြေးသွားစေပါတယ်။
စိတ်ဝင်စားမယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ လင့် ခ်ကနေသာဒေါင်းယူလိုက်တော့ နော်......
link:::http://www.mediafire.com/?mnmjgjulwxy
♥...Gmail ကို password မပေးဘဲဝင်မယ်...♥
ဒီ text ကို notepad ထဲမှာ copy ကူးပါ။
USERNAME နဲ့ PASSWORD နေရာမှာ ကိုယ့် username နဲ့ password ထည့်ပါ။
username မှာ @gmail ထည့်စရာမလိုပါ။
ပြီးရင် gmail.html အမည်နဲ့သိမ်းပါ။
ကိုယ်ကြိုက်တဲ့နာမည် သုံးနိုင်ပါတယ်။
file extension က .html (သို့မဟုတ်) .htmဖြစ်ရပါမယ်။
သိမ်းထားတဲ့ဖိုင်ကို ဖွင့်လိုက်ရင် ကိုယ့် account ကို တစ်ခါတည်း sign in လုပ်ပေးပါလိမ့်မယ်။
Right Click -> Open With... ကနေ ကိုယ်ကြိုက်တဲ့ browser နဲ့ဖွင့်နိုင်ပါတယ်။Key Logger ရန်ကလွတ်တာပေါ့..
မယုံရတဲ့ဆိုင်သွားသုံးမယ်ဆိုရင် stick ထဲ ထည့်သွားပေါ့။G-talk တော့ မဝင်နဲ့ပေါ့။
နို့မို့ဘာမှမထူးဘူး။
ပြီးတော့ ကိုယ့် stick ကို သူများကိုငှားတာမျိုးလည်း မလုပ်နဲ့ပေါ့။ နည်းတယ်အပြောခံရဦးမယ်။
အဆင်ပြေကြပါစေနော်...။
ဒါလေးကိုကူးလိုက်နော်..
Mail ထဲကမဟုတ်ပဲ Gtalk Off Line Login လုပ်ကြရအောင်
Gtalk Gadget လို့ ခေါ်တဲ့  http://talkgadget.google.com/talkgadget/popout ကိုသွားလိုက်ပါ။
အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။
 ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။
ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။
ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး…
အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့
ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။
အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်….
 ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ….
သူငယ်ချင်းတို့ရေ မိမိတို့ချစ်သူ အကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို ကိုယ်ရဲ့ အကောင့်ထဲရော ထပ်တူ မရောက်စေချင်ဘူးလား။
သူငယ်ချင်းတို့ရေ မိမိတို့ချစ်သူ အကောင့်ထဲကို ၀င်လာသမျှ မေးလ်တွေကို
ကိုယ်ရဲ့ အကောင့်ထဲရော ထပ်တူ မရောက်စေချင်ဘူးလား။
(ခြွင်းချက်အနေဖြင့်)...မိမိချစ်သူ၏ password ကိုသိမှ ရမှာပါ..
မိမိချစ်သူ password မသိဘူးဆို၇င်တော့ လုပ်လို့ မရပါဘူး..
password ကိုမလိမ့်တစ်ပတ်နဲ့တောင်းထားလိုက်ပေါ့ ဟဲဟဲဟဲ
အရင်ဆုံး မိမိချစ်သူ gmail ကို ဖွင့်လိုက်ပါ.. settingsကို ၀င်လိုက်ပါ .
ဝင်ပြီတာနဲ့ forwarding and pop/IMAPဆိုတာ ကို ကလစ်လိုက်ပါ..
add a forwarding address မှာ ကိုယ်ရဲ့ gmail အမည်ကို ရိုက်ထည့်လိုက်ပါ.
ရိုက်ထည့်ပြီးတာနဲ့.. 0k ကို ကလစ်လိုက်ပါ..မိမိရဲ့ အကောင့် ထည့်ပြီရင်တော့ .
ဆော့ဖ်ဝဲမပါပဲ Folder ကို Lock ချနည်း။
၁. အရင်ဆုံး Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့တည်ဆောက်လိုက်ပါ။
၂. အောက်မှာပေးထားတဲ့ Code တွေကို Copy လုပ်ပါ။
၃. Notepad ပွင့်ပြီး Code များကို Paste ထည့်ပါ။
၎. Copy ကူးထည့်လိုက်တဲ့ Code များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ Password Here ဆိုတဲ့နေရာလေးမှာ
    Password Here ကိုဖျက်ပြီးမိမိထည့်ချင်သော စကားဝှက် ကို ထည့်လိုက်ပါ။ 
၅. File မှ Save As နဲ့မိမိတည်ဆောက်ထားသော Folder ထဲမှာသိမ်းပါ။ File name မှာ locker.bat နဲ့သိမ်းပေးပါ။
၆. မိမိတည်ဆောက်ထားသော Folder ထဲတွင် locker ဆိုတဲ့ File တစ်ခုတွေ့ပါလိမ့်မယ်။
    ထို File ပေါ်တွင်ကလစ်နှစ်ချက်နှိပ်ပါ။ Private ဆိုတဲ့နာမည်နဲ့ Folder တစ်ခုထွက်လာပါလိမ့်မည်။
၇. ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့
    ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်။
၈. Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ။ Private ဆိုတဲ့နာမည်နဲ့ Folder ပျောက်သွားပါလိမ့်မယ်။
၉. လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး
    အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ။ Folder လေးပြန်ပေါ်လာပါလိမ့်မယ်။
    ပြန်ဖျောက်လိုက locker ကိုပြန်နှိပ်ပါ။ Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ။ ပြန်ပျောက်သွားပါလိမ့်မည်။
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
Sunday 27 May 2012
နောက်ခံဒီဇိုင်းလှလှလေးတွေနဲ့ ဓါတ်ပုံလုပ်မယ်
♂...ဘုရားဓာတ်ပုံများ...♂
Desktop ပေါ်ကနေmuziic desktop playerနဲ့ you tube သီချင်းတွေကိုနားထောင်မယ်
    ပုံမှာပြထားတဲ့ အတိုင်းအရင်ဆုံးဆော့ ဝဲလ်လေးကိုဒေါင်းလိုက်ပါ။အောက်မှာပေးထားတဲ့ လင့် ကနေဒေါင်းယူနိုင်ပါတယ်။
Link:  ttp://www.muziic.com/download  မှာဒေါင်းယူနိုင်ပါတယ်။
  ထို့ နောက်  အပေါ်မှာပြထားတဲ့ ပုံထဲကအတိုင်း  you tube ကသီချင်းတွေကိုနားဆင်နိုင်ပါပြီးးး
အားလုံးအဆင်ပြေပါစေ....
                                စောမင်းအောင်
Saturday 26 May 2012
G-talk ကိုတစ်ခုထက်မကပိုသုံးရအောင်
   G -talk ကိုတစ်ခုထက်မကပိုသုံ့း ချင်တဲ့ သူတွေအတွက်ပါ။သိပြီးသားသူများကတော့ sorryပေါ့ နော်...ညီညီတို့ တစ်ခါတစ်လေအကောင့် နှစ်ခု(သို့ )သုံးခုနဲ့ အထက်ဖွင့် ထားပြီးအသုံးပြုချင်တယ်ဆိုရင်ပေါ့ ...ပထမဦးဆုံး g-talk icon လေးပေါ်မှာRight clickနှိပ်ပြီးproperties ကိုသွားပါ ပြီးလျှင်  g-talk  properties dialog box မှ shortcut ကိုသွားပါ..Target box ထဲမှာ "C:\Program Files\Google\Google Talk\googletalk.exe"  မှာ startmenu  ဆိုတာကိုတွေ့ ရပါလိမ့် မယ်။အဲ့ ဒီ့  startmenu  ကိုဖျက်ပြီးးးးထိုစာသားနေရာတွင်  nomutex  ကိုရိုက်ထည့် ပါ.ပြီးလျှင် OK ကိုနှိပ်ပေးပါ....ကြိုက်သလောက်Qလို့ ရပါပြီးနော်...:ppp      စောမင်းအောင်
မောက်ဖြင့် ကီးဘုတ်အသုံးပြုမယ်
           ဘာရယ်တော့ မဟုတ်ပါဘူးးးးblogမှာကီးဘုတ်နဲ့ မောက်စ်  အသုံးပြုနည်းတင်ပြီးတော့ မောက်စ်နဲ့ ကီးဘုတ်အသုံးပြုနည်းတင်မယ်လို့ စိတ်ကူးထားတာပါ...ခုမှပဲတင်ဖြစ်တယ်...ကဲစမယ်...အရင်ဆုံး  Start ထဲမှAll programsထဲကိုဝင်ပါ။ထို့ နောက် Accessories>>Accesibility>>On-Screen Keyboard  သို့ သွားပါကမောက်စ်ဖြင့် ကီးဘုတ်ကိုအသုံးပြုနိုင်ပါပြီးးးးစောမင်းအောင်
Monday 21 May 2012
2005FIFA FOOTBALL GAME
ကွန်ပြူတာနဲ့ ဘောလုံးကန်ချင်သူများအတွက်2005 FIFA FOOTBALL GAMEလေးပါ။ဖိုင်ဆိုက်က86.09MBရှိပါတယ်..ကိုယ်တိုင်ကစားချင်တဲ့ သူများ http://www.gamershell.com/download_6947.shtmlတွင်သွားရောက်ဒေါင်းယူနိုင်ပါတယ်..အားလုံးအဆင်ပြေကြပါစေ...စောမင်းအောင်
KEY BOARD နဲ့ MOUSEသုံးမယ်
ညီညီတို့ ကွန်ပြူတာကိုသုံးနေရင်းတခါတလေmouse ကြောင်ပြီးအလုပ်မလုပ်တာတွေကြုံတတ်ပါတယ်....ကွန်ပြူတာကလည်းmouse နဲ့ မှအဆင်ပြေမှာဆိုတော့ အခက်တွေ့ ပြီပေါ့ ။ဒါပေမဲ့ key boardကနေmouseကိုလိုသလိုခိုင်းလို့ ရပါတယ်။Alt+Shift+NumLockခလုပ်တွေကိုတွဲနှိပ်လိုက်ပါ။Mousekey dialogue box လေးကျလာပါလိမ့် မယ်...okနှိပ်ပေးပါ။key board ညာဘက်ခြမ်း မှarrow keys နဲ့ numeric keypadတို့ ကိုmouseအဖြစ်အသုံးပြုနိုင်ပါပြီးးးးစောမင်းအောင်
INTERNET DOWNLOAD MANAGER(FULL VERSION)
INTERNET DOWNLOAD MANAGER (full version)ပါ..လိုချင်သူများပေးထားတဲ့ လင့် ခ်ကနေသွားရောက်ဒေါင်းယူနိုင်ပါတယ်...link:http://www.mediafire.com/?4emoeemr3j3      အားလုံးအဆင်ပြေကြပါစေ....စောမင်းအောင်
Friday 18 May 2012
ကွန်ပျူတာအခြေခံ
ကွန်ပျူတာကို စတင်လေ့လာသူများ အတွက်အသုံးတည့်မယ်ထင်လို့ တင်ပြလိုက်ပါတယ်………..
Alternate key
ကွန်ပျူတာ ကီးဘုတ်များ ပေါ်တွင် တွေ့ရတတ်သည့် ခလုပ်တစ်ခုဖြစ်သည်။ ယင်းကို အခြားခလုပ်များ
နှင့်တွဲသုံးလေ့ရှိသည်။ ယင်းခလုပ်ကို နှိပ်ထားပြီး အခြားခလုပ်များ နှိပ်ခြင်း၊ ညွှန်ကြားခိုင်းစေချက်များ ရိုက်
သွင်းခြင်း ပြုရသည်။ ထိုခလုပ်ကို တစ်ခါတစ်ရံ Alt ခလုပ်အဖြစ် ဖော်ပြထားတတ်သည်။
Backspace
(cursor) ကိုနောက်သို့ရွှေ့ယူသည်ကို backspace လုပ်သည်ဟု ခေါ်သည်။ ကီးဘုတ်တစ်ခုပေါ်
တွင် backspace key နှစ်ခုရှိသည်။ တစ်ခုသည် မျှားပြကီး (arrow keys) လေးခု အုပ်စုတွင် ရှိသည်။
ယင်းက cursor ကို အခြားမည်သည့်အရာကိုမျှ အပြောင်းအလဲမဖြစ်စေဘဲ ရွှေ့ပေးသည်။ နောက်ကီးတစ်
ခုကမူ cursor ကနောက်ရွှေ့ပေးသည့် စာလုံးကို delete လုပ်ပေးမည်ဖြစ်၏။
BIOS
Basic Input Output System အတွက်အတိုကောက် အသံထွက် စာလုံး acronym ဖြစ်သည်။
(BIOS သည် ကွန်ပျူတာကို အလုပ်ဘယ်လိုလုပ်ရမည်ကို) စေခိုင်းသော ညွှန်ကြားချက်များ တစ်ခုဖြစ်
သည်။ BIOS သည် operating system ၏ အစိတ်အပိုင်း ဖြစ်သည်။
Bit
သိုလှောင်မှု သို့မဟုတ် မှတ်ဥာဏ် (memory) ၏ အငယ်ဆုံးယူနစ်ကိုဆိုလိုသည်။ Bit တစ်ခုသည်
ဂဏန်း (digit) တစ်လုံးဖြစ်ပြီး ယင်းသည်  0 (သုည) တစ်လုံးသော်လည်းကောင်း၊ ၁ (တစ်) တစ်လုံးသော်
လည်းကောင်း ဖြစ်နိုင်သည်။ ဤဂဏန်းနှစ်လုံးကိုပင် binary code တွင် အသုံးပြု၏။ Bit သည် Binary
digit အတွက်အတိုကောက်ဖြစ်သည်။
Boot
Boot လုပ်သည်ဆိုခြင်းမှာ ကွန်ပျူတာတစ်လုံးကို စဖွင့်သည်ဟု အဓိပ္ပါယ်ရသည်။ ကွန်ပျူတာကို
လျှပ်စစ်ဓါတ်အားပေး၍ စဖွင့်လိုက်သည့်အခါ ပရိုဂရမ် တစ်ခုသည် အလိုအလျောက်စတင်လုပ်ဆောင်
တော့သည်။ ပရိုဂရမ်သည် operating system ကိုထည့်သွင်းထားခြင်းကြောင့် ကွန်ပျူတာကို အသုံးပြုရန်
အဆင်သင့်ဖြစ်သွားခြင်း ဖြစ်သည်။
Byte
ကွန်ပျူတာမှတ်ဥာဏ် ( memory ) ကိုတိုင်းတာသော ယူနစ်တစ်ခုဖြစ်သည်။ byte တစ်ခုကို သာ
မန်အားဖြင့် bits ရှစ်ခုဖြင့် ဖွဲ့စည်းဖန်တီးထားသည်။ ကွန်ပျူတာထဲဝင်လာသော စာလုံးတိုင်း၊ သင်္ကေတ
တိုင်းသည် မှတ်ဥာဏ်ဖြင့် byte တစ်ခုကို ရယူအသုံးပြုသည်။
Caps Lock
ကွန်ပျူတာတစ်လုံး၏ ကီးဘုတ် ပေါ်မှ ခလုတ်(key) တစ်ခုဖြစ်သည်။ယင်းကို နှိပ်လိုက်လျှင် ရိုက်
ထားသောစာလုံးများ အားလုံးသည် အကြီးစာလုံးများ (capitals or upper case) ဖြစ်သွားမည်ဖြစ်သည်။
ယင်းကို နောက်တစ်ကြိမ်ထပ်နှိပ်လျှင် ကီးဘုတ်သည် မူလ အတိုင်းပြန်ဖြစ်သွားသည်။ Caps Lock ခလုတ်
သည် toggle switch တစ်ခု ဖြစ်သည်။
Control key
ကွန်ပျူတာ ကီးဘုတ် တစ်ခုပေါ်မှ ခလုပ်တစ်ခုဖြစ်၏။ ဤခလုပ်ကို ကွန်ပျူတာသို့ အမိန့်
(commands) များပေးရန်၊သို့မဟုတ် မြင်ကွင်းဖော်ယူနစ်ပေါ်၌ အထူးအက္ခရာ သင်္ကေတများ ထုတ်လုပ်
ရန် အခြားခလုပ်များနှင့် တွဲလျက်အသုံးပြုရသည်။
Crash
Hardware သို့မဟုတ် Software အတွင်း အပြစ်တစ်ခုခုကြောင့် ကွန်ပျူတာ အလုပ်ရပ်ဆိုင်းသည့်
အခါမျိုး ၌ crash ဖြစ်ပေါ်ခြင်းဖြစ်၏။ တခါတရံ ကွန်ပျူတာကို ပိတ်ပစ်ပြီး ပြန်ဖွင့် (booting) သည့်အခါ ဤ
ပြဿနာကို ဖြေရှင်းလိုက်နိုင်တတ်၏။ crash တစ်ခုသည် ကွန်ပျူတာ၏ အစိတ်အပိုင်းတစ်ခုခုကို ပြုပြင်ပေး
ရမည်ဟု အဓိပ္ပါယ်ရသည်။ Head crash တစ်ခုကမူ read-write heads တွင်ပြဿနာတစ်ခု ရှိနေသည့်
အဓိပ္ပါယ်ဖြစ်၏။
disable
ကိရိယာတစ်ခု ရပ်ဆိုင်းသွားသည်။ သို့မဟုတ် ဆော့ဖ်ဝဲလုပ်ဆောင်ချက် software procedure
အကောင်အထည်ဖော်မှုကို ဟန့်တားထားသည်။
DOS
Disk Operating System အတွက် အတိုကောက်စာလုံးဖြစ်၏။ ကွန်ပျူတာကို ဖွင့်လိုက်တိုင်း
ကွန်ပျူတာထဲ သို့ ထည့်သွင်း (loaded) ပေးသည့် system software ဖြစ်၏။
Edit
Edit လုပ်သည် ဆိုသည်မှာ များသောအားဖြင့် ပိုမိုကောင်းမွန်ရန်အတွက် ပြောင်းလဲပြင်ဆင်ခြင်း
ဖြစ်သည်။ အက္ခရာများကိုသော်လည်းကောင်း၊ ရုပ်ပုံများကိုသော်လည်းကောင်း edit လုပ်နိုင်သည်။
Enable
Enable လုပ်သည်ဆိုသည်မှာ hardware တစ်ခုသို့မဟုတ် program တစ်ခုကို set up ဖြစ်ရန်
ဆောင်ရွက်ခြင်းဖြစ်သည်။ သို့မှသာ ယင်းသည် အလုပ်လုပ်နိုင်မည် ဖြစ်သည်။
End key
Computer ၏ keyboard များတွင် တွေ့နိုင်သော key တစ်ခုဖြစ်သည်။ end key ကိုနှိပ်ခြငးဖြင့်
cursor သည်များသောအားဖြင့်စာကြောင်းတစ်ခု သို့မဟုတ် စာမျက်နှာတစ်ခု သို့မဟုတ် file တစ်ခု၏
အဆုံးသို့ ရောက်သွားသည်။ အခြားကိစ္စရပ်များအတွက်လည်း ယင်းကို program ရေးဆွဲနိုင်သည်။
Enter key
Computer keyboard ပေါ်ရှိ key တစ်ခုဖြစ်သည်။ ယင်း key ကို ညွှန်ကြားချက်တစ်ခုပြီးဆုံး
ကြောင်းနှင့် ဆောင်ရွက်ရန် အသင့်ဖြစ်ကြောင်း ညွှန်ပြရန် အသုံးပြုသည်။ များစွာသော wordprocessing
program များတွင် enter key စသည် hard return တစ်ခုကို ဆောင်ရွက်သည်။ စာကြောင်းသစ်တစ်
ကြောင်း သို့မဟုတ် စာပိုဒ်သစ် တစ်ခုကို စတင်ရန် ဖော်ပြသည်။
Escape key
Computer keyboard ပေါ်ရှိ key တစ်ခုဖြစ်သည်။ ယင်းကို escape ညွှန်ကြားချက်ပေးရန်အတွက်
အသုံးပြုသည်။ escape key ကိုများသောအားဖြင့် ‘‘Esc’’ ဟု အတိုကောက် ရေးသားသည်။ ယင်းသည်
keyboard ၏ အပေါ်ဖက် function keys များနှင့်နီးကပ်စွာ ရှိလေ့ရှိသည်။
Function Key
Computer keyboard ပေါ်ရှိ key များအနက်မှ တစ်ခုဖြစ်သည်။ ယင်း key တစ်ခုချင်းစီကို F နှင့်
နံပါတ်တစ်ခုတွဲ၍ ဖော်ပြထားသည်။ Function key တစ်ခုကို နှိပ်ခြင်းဖြင့် အသုံးပြုနေသော software အ
ပေါ် မူတည်၍ ကွဲပြားခြားနားသော အလုပ် သို့မဟုတ် function များကို လုပ်ဆောင်လိမ့်မည်။
function key များကိုလည်း program အဖြစ်ရေးဆွဲနိုင်သည်။ function key များသည် အများအားဖြင့်
keyboard ၏အပေါ်ဘက် (သို့မဟုတ်) အောက်ဘက်တွင် ရှိသည်။
Gateway
gateway သည် device တစ်ခုဖြစ်သည်။ network တစ်ခုအတွင်း ရှိ computer များကို အခြား
network တစ်ခုအတွင်းရှိ computer များနှင့် အလုပ်လုပ်စေသည်။
Gigabyte
Gigabyte သည် ကွန်ပျူတာ၏ မှတ်ဥာဏ် memory ကိုတိုင်းတာသည့် ယူနစ်တစ်ခုဖြစ်သည်။တစ်
gigabyte ကို byte သန်းတစ်ထောင်အဖြစ် သတ်မှတ်သည်။ ကွန်ပျူတာများသည် binary သင်္ကေတကို
အသုံးပြုသည်။ ထို့ကြောင့် တစ် gigabyte တွင် 1,073,741,824 byte ရှိသည်။
Hardware
Hardware သည် computer ၏ ပစ္စည်းကိရိယာဖြစ်သည်။ ယင်းတွင် ကွန်ပျူတာတစ်ခု ဖြစ်လာ
ရန် အသုံးပြုသော အစိတ်အပိုင်းများအားလုံး ပါဝင်သည်။ ယင်းတွင် cables များ၊ connector များနှင့်ကွန်
ပျူတာ peripheral များလည်း ပါဝင်သည်။ များစွာသော ကွန်ပျူတာ စနစ် (system) များသည် hardware
ဖြစ်ပြီး program များသည် software ဖြစ်သည်။
Hard disk
hard disk သည် အ၀ိုင်းပုံ မာကျောသော disk သို့မဟုတ် disk များကို ခေါ်သည်။ disk တစ်မျိုး
ထက်ပို၍ ရှိသောအခါ ယင်းတစ်မျိုးချင်းစီကို platter ဟုခေါ်သည်။ disk များကို သံလိုက်ဓါတ် သွင်းထား
သော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပြီး သေတ္တာတစ်ခုအတွင်း ၌ ထည့်သွင်းထားသည်။ Hard disk သည်
များစွာသော ကွန်ပျူတာများတွင် အသုံးပြုသော memory device များဖြစ်သည်။
Home key
home key သည် ကွန်ပျူတာ keyboard ပေါ်ရှိ key တစ်ခုဖြစ်သည်။ home key ကိုနှိပ်ခြင်းဖြင့် cursor သည် လိုင်းတစ်လိုင်း၏ အစ၊ စာမျက်နှာတစ်ခု၏ ထိပ်သို့လည်းကောင်း file ၏ ထိပ်ပိုင်းသို့လည်း
ကောင်း ရွေ့လျားသည်။ home key ကို တစ်ခါတစ်ရံတွင် အခြား key များနှင့်လည်း တွဲဖက်အသုံးပြုသည်။
Insert key
Insert ပြုလုပ်သည်ဆိုသည်မှာ အခြားအရာ ၂ ခုကြားသို့ တစ်စုံတစ်ရာကို ထည့်သွင်းခြင်းဖြစ်သည်။
ဥပမာအားဖြင့် လိုင်းအလွတ်တစ်ခုကို စာကြောင်း ၂ ကြောင်းကြားသို့ ထည့်သွင်းနိုင်သည်။
Keyboard
keyboard သည် သတင်းအချက်အလက်များ ရိုက်သွင်းရန်အတွက် အသုံးပြုသော input device
တစ်ခုဖြစ်သည်။ထို input device တွင်အက္ခရာ စာလုံးများ၊ ဂဏန်းများ၊ သင်္ကေတများ ( symbols ) နှင့်
ဖန်သားပြင်တစ်လျှောက်  cursor ကိုရွေ့လျားပေးနိုင်သည့် key များ ပါရှိသည်။ ကွန်ပျူတာများစွာတွင်
function keys များပါရှိသည်။key တစ်ခုကို ရိုက်နှိပ်ကာ ကွန်ပျူတာသို့ singnal   တစ်ခုကိုပေးပို့
( send ) သည်။ signal ကို disk တွင် store လုပ်ထားနိုင်သည်။ screen ပေါ်တွင် display လုပ်နိုင်ပြီး
ပရင်တာကို ပေးပို့နိုင်သည်။
Kilobyte
kilobyte သည် computer ၏မှတ်ဥာဏ် ( memory ) ကို တိုင်းတာသော unit တစ်ခုဖြစ်သည်။
တစ် kilobyte ကို byte တစ်ထောင် ကိုယ်စားအသုံးပြုသည်။ computer များသည် binary code နှစ်လီ
စနစ် သင်္ကေတ ကို အသုံးပြုသောကြောင့် တစ် kilobyte သည် 1.204 bytes ရှိသည်။
Megabyte
Megabyte သည် computer ၏ memory ကို တိုင်းတာသည့် unit ဖြစ်သည်။ One megabyte
သည် byte တစ်သန်းရှိသည်။ binary code တွင် တစ်သန်းသည် 1,048,576 byte ရှိသည်။
Mouse
Mouse သည် computer အချို့တွင် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ယင်းသည် ပလပ်စ
တစ် သေတ္တာငယ်တစ်ခုဖြစ်ပြီး ထိပ်တွင် ခလုပ်များပါရှိ၍ အောက်ဘက်တွင် အလုံးတစ်လုံးရှိသည်။ အလုံး
ကို မျက်နှာပြင်တစ်ခုပေါ်တွင်ရွေ့လျားသော အခါအလုံးသည် လိမ့်သွားပြီး အမှတ် သင်္ကေတတစ်ခုသည်
visual display unit ပေါ်တွင်ပေါ်သည်။ mouse ပေါ်ရှိ ခလုပ်များကို ဖိပေးခြင်းဖြင့် computer သို့ညွန်
ကြားချက်များ ပေးသည်။
Motherboard
ကွန်ပျူတာငယ်တစ်ခုတွင်ရှိသော ပင်မ printed circuit board ဖြစ်ပါသည်။ central processing unit နှင့် RAM တို့ကိုတပ်ဆင်ထားပြီး အများအားဖြင့် ထပ်မံတိုးချဲ့ တပ်ဆင်နိုင်သော အပေါက် slot များ
ပါရှိပါသည်။
NUM lock key
numeric lock ဖြစ်သည်။ ကွန်ပျူတာ ကီးဘုတ်တွင် ရှိသော key ဖြစ်သည်။ input ကို ဂဏန်းများ
ထားသောနေရာ numeric keypad မှ ယူရန် ကွန်ပျူတာကို ပြောသောအခါ အသုံးပြုသည့် toggle switch
ဖြစ်သည်။
Partition
ကွန်ပျူတာ memory ကို ပုံသေအခန်းများအဖြစ်သို့ ခွဲခြမ်းသည်။ အခန်းခွဲတစ်ခုချင်းသည်
program တစ်ခုသို့မဟုတ် program များကို ထိန်းသိမ်းသည်။ အခန်းတစ်ခုကို operating system
အတွက်အသုံးပြုသည်။
Pointer
(၁)      Visual display ယူနစ်ပေါ်တွင် မိမိတို့လုပ်ငန်း ဆောင်ရွက်နေသောနေရာကို user အားပြသသည့်
သင်္ကေတ။ cursor အမျိုးအစားဖြစ်သည်။
(၂)      ဖိုင်ထဲတွင်ရှိသော မှတ်တမ်းများကို သိမ်းဆည်းထားသောနေရာကို ပြသောအရာ။ ပွိုင့်တာသည်
မှတ်တမ်း၏ တည်နေရာ address ကို ပေးသည်။
Processor
ပေါင်းစည်းလျှပ်စီးပတ်လမ်း (integrated circuit) တစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ ကွန်ပျူတာ၏ ဦး
နှောက် ဟုလည်း ခေါ်သည်။ processor သည် data များကို အီလက်ထရွန်းနစ် အချက်ပြများ အဖြစ်ထား
၍ ဆောင်ရွက်ပြီး အဖြေများကို အချက်ပြအသစ်များအဖြစ် ထုတ်ပေးသည်။ microprocessor နှင့် အထူး
processor များဖြစ်သော Math processor စသည်ဖြင့် processor အမျိုးမျိုးရှိသည်။
RAM
Random Access Memory ၏ အတိုကောက်။ ကွန်ပျူတာ main Memory ၏ အစိတ်အပိုင်းတစ်
ခုဖြစ်သည်။ data ကို RAM မှ လက်တန်းဖတ်၍ ရသည်။ ပေးထားသော အချိန်၌ ကွန်ပျူတာက အသုံးပြု
ထားသော data နှင့် ပရိုဂရမ် များကို RAM က ထိန်းသိမ်းထားသည်။ RAM အများစုသည် ပျက်စီးလွယ်
သည်။ ဆိုလိုသည်မှာ ကွန်ပျူတာကို ပိတ်လိုက်သောအခါ ပါဝင်သော အချက်အလက်အားလုံး ပျောက်
ကွယ်သွားသည့် သဘောပင်ဖြစ်သည်။ SRAM ခေါ် static RAM ကဲ့သို့ သောအချို့ RAM များသည် ကွန်
ပျူတာကို ခလုတ်ပိတ်လိုက်သည့်တိုင်အောင် data ကို သိုလှောင်ပေးထားသည်။
Shift key
ကွန်ပျူတာကီးဘုတ်ပေါ်တွင်ရှိသော ကီးဖြစ်သည်။ စာလုံးအကြီး upper case ကိုလိုအပ်သောအခါ
ကွန်ပျူတာကို ခိုင်းသော ကီး ဖြစ်သည်။ ကီးဘုတ်၏ ထိပ်ပိုင်းရှိ ဂဏန်းများ၏ အပေါ်တွင်ရှိသော သင်္ကေတ
အမှတ်အသားများကို ရွေးချယ်ရန် အတွက်လည်း သုံးသည်။
Software
ကွန်ပျူတာ၏ hardware ကို လည်ပတ်စေရန် အသုံးပြုသော program များ၊ routine များနှင့်
procedure များကို ပေးထားသော အမည်ဖြစ်သည်။ အဓိက software အမျိုးအစားသုံးမျိုးရှိသည်။
application software, System software နှင့် ထို ပရိုဂရမ်များကို ရေးသားရာတွင် အသုံးပြုသော
Tool တို့ဖြစ်သည်။
Space bar
ကွန်ပျူတာ ကီးဘုတ်ပေါ်တွင်ရှိသော ကီးတစ်ခုဖြစ်သည်။ ကီးဘုတ်၏ အောက်ဘက်တွင်ရှိသော
ဘားရှည်ဖြစ်သည်။ space bar ကိုဖိပေးခြင်းဖြင့် hard space ကို input လုပ်ပေးသည်။
အသုံးတည့်မယ်ထင်လို့တင်ပေးလိုက်ပါတယ်..........လိုအပ်ရင်ဆက်သွယ်မေးမြန်းနိုင်ပါသည်  (အီးမေးလ် kyawkyawmoe594@gmail.com  (ကျော်ကျော်မိုး(နည်းပညာ)  ဆိုက်လေးကျုလာလည်ပါလို့လိုက်လှဲစွာဖိတ်ခေါ်ပါတယ်
Saturday 12 May 2012
အွန်လိုင်းမှာဒီဇိုင်းလှလှလေးတွေနဲ့ ဓါတ်ပုံလုပ်မယ်
ညီညီနမူနာလုပ်ပြထားတဲ့ အတိုင်းးဒီဇိုင်းလှလှလေးတွေနဲ့ ဓါတ်ပုံလုပ်ချင်တယ်ဆိုတဲ့ အကိုအမများအတွက်http://www.photofacefun.com/?section_id=&sort=&p=16သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လုပ်နိုင်ပါတယ်...
မိုဘိုင်းဂိမ်းများဒေါင်းလွတ်ဆွဲလို့ ရမဲ့ ဆိုက်
 Mobile Games များကိုfreeဆွဲလို့ ရတဲ့ ဆိုက်လေးပါ...Gameအပြင်Mobile Themes များWallpapers များနဲ့ Mobile Software များပါ Download ဆွဲလို့ ရမဲ့ ဆိုက်လေးပါ....လိုချင်တဲ့ အကိုအမများ........http://www.cell11.com/မှာသွားရောက်ဒေါင်းယူနိုင်ပါကြောင်း......
Tuesday 8 May 2012
Cyberlink YouCam v3.0.1811ဆော့ ဝဲလ်နဲ့ ဓါတ်ပုံပြင်မယ်
           အလှအပကြိုက်သူများအတွက်ဓါတ်ပုံပြင်တဲ့ ဆော့ ဝဲလ်လေးပါ...ဖိုင်ဆိုဒ်တော့ နည်းနည်းကြီးပါတယ်..စိတ်ဝင်စားတဲ့ အကိုအမများပေးထားတဲ့ လင့် ကနေသွားရောက်ဒေါင်းယူလိုက်ပါ...zip ဖိုင်လေးနဲ့ ပါ..http://www.mediafire.com/?wmyynimzmwd  မှာဒေါင်းယူနိုင်ပါတယ်....အားလုံးအဆင်ပြေကြပါစေ....စောမင်းအောင်
Monday 7 May 2012
System Configuration ကိုသုံးပြီးစက်ပေါ့အောင်လုပ်မယ်
      System Configuration ကိုသုံးပြီးစက်ပေါ့ ပါးအောင်လုပ်နည်းပဲဖြစ်ပါတယ်...အသုံးပြုပုံကတော့   Start ဖွင့် ပြီး  Search မှာ  System Configuration  ကိုရိုက်ထည့် ပြီး  enter ခေါက်ပါ။ပြီးရင်အောက်ကပုံလေးအတိုင်း  Box တစ်ခုပေါ်လာပါလိမ့် မယ်..။
   အပေါ်ပုံမှာအနီရောင်နဲ့ ဝိုင်းပြထားတဲ့  selective star tup မှာအစက်ကလေးရှိနေရင်အပေါ်ဆုံးက Normal star tup ကိုပြောင်းပေးပါ။
  ပြီးရင် OK ကိုနှိပ်ပေးပါ Restart Box လေးတက်လာပါလိမ့် မယ် Restart ချပေးလိုက်ပါ။ Window ပြန်တက်လာရင် OKပြီပေါ့ ။အရင်ကထက်ပေါ့ ပါးညက်ညောလာတာကိုတွေ့ ရပါလိမ့် မယ်....မရှင်းလင်းတာများရှိပါက..sawminaung2011@gmail.com  သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်..သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ......စောမင်းအောင်